ဖန်းဂတ်စ် (မှို)
  
Translated

အလွန်သေးငယ်သောအဏုဇီဝ မှို အမျိုးအစားဖြစ်၍သာမာန်မျက်စိဖြင့်မမြင်နိုင်ပါ။ ဖန်းဂတ်စ်အများစု ကို မှိုတက်သောအနေအထားမျိုးမှာသာ သာမာန်မျက်စိဖြင့်မြင်နိုင်သည်။ ဖန်းဂတ်စ်များသည် သက်ရှိ ကလာပ်စည်း ဗဟိုချက်ပါသော ဆဲလ်အမျိုးအစားဖြစ်သည်။

 

မှိုတက်ခြင်း၊ တဆေး၊ အချဉ်ဖောက်ခြင်း- ဖန်းဂတ်စ် (မှိုစွဲခြင်း) ဥပမာများဖြစ်သည်။

 

အချို့သောဖန်းဂတ်စ်အမျိုးစိတ် များသည် လူ၊ တိရိစ္ဆာန်နှင့်အပင်များကို အန္တရာယ်ဖြစ်စေပါသည်

 

အဓိပ္ပာယ်တူစကားလုံးများ

ဖန်ဂျိုင်း

ဖန်းဂတ်စ် (မှို) မျိုးစိတ်တစ်ခုတည်းကိုခေါ်သော

 

ဖန်းဂယ်

ဖန်းဂတ်စ် ကြောင့်ဖြစ်သော မှိုတက်ခြင်းတက်

Learning point

မှတ်သားရန်အချက်

 

လူအများစုတွင်အဖြစ်များ၍အသိများသော ဖန်းဂတ်စ် (မှို) ရောဂါ များ မှာ ခြေထောက်မှိုစွဲသောရောဂါ ၊ ပွေး၊ ညင်း နှင့်အမျိုးသမီး မိန်းမကိုယ်မှိုစွဲခြင်းတို့ဖြစ်သည်။ ဖန်းဂတ်စ်များသည် ကမ္ဘာဦးအစ ရှေးကျသော သက်ရှိအမျိုးအစားဖြစ်သည်။ ဖန်းဂတ်စ်များသည် လေ၊ မြေကြီး၊ အပင် နှင့်ရေမျက်နှာပြင်အပေါ် တို့တွင်နေထိုင်ကြသည်။ အချို့သောဖန်းဂတ်စ်များသည် လေထုထဲရှိမျိုးမှုန်များမှတဆင့်မျိုးပွားကြသည်။ အသက်ရှူလမ်းကြောင်းမှတဆင့်လည်းသင်ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်နိုင်ပါသည်။

 

ခန္ဓာကိုယ်ခုခံအားကျဆင်းသောရောဂါရှိသူများ( ဥပမာ- HIV ပိုးရှိသူ) ၊ ပဋိဇီဝပိုးသတ်ဆေး ကို ကြာရှည်စွာ သောက်သုံးသူဖြစ်ပါ၍ ပြင်းထန်သောဖန်းဂတ်စ်ရောဂါကူးစက်ခြင်းတို့ဖြစ်နိုင်ပါသည်။ သဘာဝအလျောက်ရှိနေသော ဘက်တီးရီးယားပိုးများ ဥပမာအားဖြင့်ဆိုသော်၊ အမျိုးသမီးများ၏ မိန်းမကိုယ်တွင်သဘာဝအလျောက်ရှိသောဘက်တီးရီးယားပိုးများသည် ဖန်းဂတ်စ်ကြောင့်ဖြစ်သော မှိုစွဲခြင်းရောဂါမှကာကွယ်ပေးသည်။ အကယ်၍ပဋိဇီဝပိုးသတ်ဆေးကြောင့်သဘာဝအလျောက်ရှိနေသော ဘက်တီးရီးယားများသေဆုံးကုန်ပါက ဖန်းဂတ်စ်(သို့) မှိုစွဲခြင်းရောဂါဖြစ်နိုင်ပါသည်။

 

မိန်းမကိုယ်မှိုစွဲခြင်းသည် ပဋိဇီဝပိုးသတ်ဆေးများသုံးစွဲခြင်း၏ဘေးထွက်ဆိုးကြိုးများဖြစ်သည်။ အခြားရောဂါတစ်ခုခုကြောင့်သောက်သုံးရသောပဋိဇီဝပိုးသတ်ဆေးများ ဥပမာ- Strep ဘက်တီးရီးယားပိုး လည်ချောင်းနာ၊ အာသီးရောင်ရောဂါ အစရှိသည့် ဆေးသောက်သုံးခြင်းတို့၏ ဘေးထွက်ဆိုးကြိုး အနေဖြင့်မှိုစွဲခြင်းရောဂါများဖြစ်နိုင်သည်။

 

အဆုတ်တွင်ဖြစ်သော ဖန်းဂတ်စ် (မှို) စွဲခြင်းသည် ပိုမိုပြင်းထန်ပြီး တုပ်ကွေး (သို့) အဆုတ် TB ရောဂါနှင့် ဆင်တူလက္ခဏာများဖြစ်နိုင်သည်။ သင့်အနေဖြင့် နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ပြီး ပိုးသတ်ဆေးများ သောက်သုံး၍ မသက်သာပါက ဖန်းဂတ်စ်ကြောင့်ဖြစ်နိုင်သည်ကိုသတိပြုသင့်ပါသည်။ ပဋိဇီဝပိုးသတ်ဆေးများ မသောက်သုံးမှီ ရောဂါဖြစ်သောအကြောင်းအရင်း ဘက်တီးရီးယား (သို့) ဖန်းဂတ်စ်ဟုတ်မဟုတ်ကို စောဦးစွာစစ်ဆေးပြီးမှကုသခြင်းဖြင့် မလိုအပ်သောပိုးသတ်ဆေးဝါးများသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

 

ကိုးကားချက်များ။

1 CDC. (2017). Fungal Infections - Protect Your Health | Features | CDC. Retrieved from https://www.cdc.gov/features/fungalinfections/index.html

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ